Join MultiplyOpen a Free ShopSign InHelp
MultiplyLogo
SEARCH

စိတ်ဥယျာဉ် ၏ ဥယျာဉ်မှုး

ဗျာ....... ခင်ဗျား.. ဆီကျတော့ ..အခွင့် အရေး က..မလာဖူးတဲ့လား.....ဟာ ...လာပါတယ် ...
အဲဒီလိုတော့ မတရားမပြောပါနဲ့ဗျာ....
လူတိုင်းဆီကို မနက်တိုင်း ကျွန်တော် တံခါးခေါက်ပြီးရောက်ခဲ့ပါတယ်..
မသိလိုက်ဖူး .?..အော် ဟုတ်ကဲ့ ခင်ဗျားက အိပ်နေတာကိုး ...ဗျ ....၀ီရိယ မှ မရှိပဲ...
တစ်ခါတစ်လေ ကျတော့ ခင်ဗျားက ကျုပ်ကို ဒုက္ခ ကြီးဆိုပြီး အခွင့်အရေးမှန်းမသိ လို့ မောင်းထုတ်သေးတယ်လေ...
နေ့လည်နေ့ခင်း လာပေါ့ ....ဟုတ်လား...လာပါ့ဗျာ အလုပ်အနေနဲ့  ရုပ်ဖျက် လာတော့ ခင်ဗျားက ကျုပ်ကို မမှတ် မိပြန်ဖူး..လေ
ဒါကြီးကျုပ်စိတ်ပျက်တယ်ဗျာ ပြောလို့   ကျုပ်သူများဆီရောက်သွားတာလေ..
ဘာဗျ ...သိသိသာသာ လာပေါ့ ဟုတ်လား......
ဟိုပုံပြင်လိုဖြစ်နေပြီ.....ဘုရားက ငါ့ဂုတ်ခွ စီးပါဆိုမှ ဘုရားလာကယ် တာလို့ ထင်တဲ့ အဖိုးကြီးလိုဖြစ်နေပြီ.....
ကျုပ်က ငါအခွင့် အရေးပဲ ဟေ့လို့ ခင်ဗျား ဂုတ်ကို ခွစီးပြရမှာလား.......
ကျွန်တော်က လာတာကို ခင်ဗျားသိရင်တောင် ခင်ဗျားဖက်က အဆင်သင့် မပြင်ဆင်ထားပြန် ဖူးဆိုရင်လဲ ကျုပ်ကို တားထား နိုင်မှာမဟုတ်ဖူး...ကျုပ်က သူများဆီကိုရောက်သွား မှာ ...အဲဒိတော့မှ အပြစ်မတင်နဲ့ပေါ့ဗျာ...
အဲဒီတော့ နောက်ဆုံးကျုပ်ပြောချင်တာက ရောက်မလာခင် ပြည့်စုံ အောင်ကြိုတင်ပြင်ထား...
မြင်အောင်ကြည့် မိမိ ရရဖမ်းဆုပ် ဒါဆို အခွင့် အရေးဆိုတဲ့ကျုပ် ခင်ဗျားနားရှိပြီ ဆို အောင်မြင်ပြီ လို့မှတ်လိုက်ဗျ...

18 Comments
yeesarlay wrote on Aug 23, '10
အရမ်းကောင်းတယ်ဗျာ...
nuisette wrote on Aug 24, '10
တန်ဖိုးရှိလှသော blog လေးတစ်ပုဒ်ဖတ်ခွင့်ရတဲ့အတွက် ကျေးဇူးပါ။
snowlike wrote on Aug 24, '10
ဟုတ်ကဲ့ ကျေးဇူးပါ။
a1tzt wrote on Aug 24, '10
ဟုတ်ကဲ့ ကျေးဇူးပါ။
လာဖတ်တဲ့သူ အားလုံးကိုရော မန့်သွားသူများ ကိုပါ အထူးကျေးဇူးတင်ပါတယ်
thitauu wrote on Aug 24, '10
အခွင့်အရေးက လူတိုင်းဆီကို လာတာပေါ့နော် ...
အင်း . အဲဒိအခွင့်အရေးကို အမိအရ ဆုပ်ကိုင်တတ်ဖို့ က အရေးကြီးတယ် ထင်ပါတယ် ...
a1tzt wrote on Aug 24, '10
thitauu said
အခွင့်အရေးက လူတိုင်းဆီကို လာတာပေါ့နော် ...
အင်း . အဲဒိအခွင့်အရေးကို အမိအရ ဆုပ်ကိုင်တတ်ဖို့ က အရေးကြီးတယ် ထင်ပါတယ် ...
အင်းပေါ့ လမင်းရဲ့ မြင်အောင်ကြည့် မိမိရရဆုပ်ကိုင်.........ပြင်ဆင်ထား...
ဒါမှ အခွင့် အရေးကို လက်မလွတ်မှာ...
laynyinglay wrote on Aug 24, '10
ဖတ်သွားပါ၏
mahaythi2010 wrote on Aug 24, '10
ရောက်မလာခင် ပြည့်စုံ အောင်ကြိုတင်ပြင်ထား...
မြင်အောင်ကြည့် မိမိ ရရဖမ်းဆုပ် ဒါဆို အခွင့် အရေးဆိုတဲ့ကျုပ် ခင်ဗျားနားရှိပြီ ဆို အောင်မြင်ပြီ လို့မှတ်လိုက်ဗျ...
ဟုတ်ကဲ့ပါရှင် ... ကျေးဇူးပါ။
Comment deleted at the request of the author.
pearlaiai wrote on Aug 25, '10
ကျွန်တော်ဆိုသောအခွင့်အရေးကိုသိအောင် နိုးဆော်ပေးသော ဒီစာလေးကို ကျေးဇူးအတိုင်းထက်အလွန်ပါ။
bestsoung wrote on Aug 25, '10
ဖမ်းတော့ဆုတ်လိုက်ပါတယ် ဒါပေမယ့် အတိတ်ကံ နဲနေသေးတယ်ဗျာ
ကောင်းတာလေးတခုအတွက် ကျေးဇူး
generalzinminko wrote on Aug 26, '10
မှတ်သားခဲ့ပါသည် ခင်ဗျာ ...........။
pinkladyprincess wrote on Aug 26, '10
သတိပေးတဲ့ အတွက်ကျေးဇူးပါ ။
royalyaw wrote on Aug 26, '10
လာရောက်ဖတ်ရှု့သွားပါကြောင်း....
ချမ်းမြေ့ပါစေ....
a1tzt wrote on Sep 10, '10
ဖမ်းတော့ဆုတ်လိုက်ပါတယ် ဒါပေမယ့် အတိတ်ကံ နဲနေသေးတယ်ဗျာ
ကောင်းတာလေးတခုအတွက် ကျေးဇူး
ကံဥာဏ် ၀ီရိယ သုံးခုနဲ့ပေါင်းစပ်ဖို့လိုတယ်ဆို တာလဲ မှန်ပါတယ်...ဒါပေမဲ့ ကံကိုပဲ ပုံချလို့နေလို့တော့မဖြစ်ဖူး ပေါ့ဗျာ ..
ဘာကြောင့်လဲ ဆိုတော့ ကံ ဆိုတာ ကိုယ်လုပ်တာ လို့ဆိုထားတာကိုး.....
a1tzt wrote on Sep 10, '10
ကျွန်တော်ဆိုသောအခွင့်အရေးကိုသိအောင် နိုးဆော်ပေးသော ဒီစာလေးကို ကျေးဇူးအတိုင်းထက်အလွန်ပါ။
ဟုတ် လာဖတ်ပေးတာလဲ ကျေးဇူးပါဗျာ
a1tzt wrote on Oct 1, '10
သတိပေးတဲ့ အတွက်ကျေးဇူးပါ ။
အသိ နဲ့ သတိ ဆိုတာ အမြဲရှိနေရမှာပါ...
minmin19579 wrote on Jun 17, '11
သတိပေးစာလေးအတွက် ကျေးဇူးပါ.....
Add a Comment